မာတိကာသို့ ခုန်သွားရန်

အိပ်မက်ဖမ်းသမား

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
DreamCatcher

အိပ်မက်ဖမ်းသူ (အင်္ဂလိပ်: dreamcatcher) Native American လူမျိုးများ၊ အထူးသဖြင့် အမေရိကန် အင်ဒီယန် လူမျိုးများ၏ ရိုးရာ အဆောင်တစ်ခု ဖြစ်သည်။ အိပ်ပျော်နေသည့် အချိန်တွင် မကောင်းသော အိပ်မက်ဆိုးများကို တိုက်ထုတ်နိုင်သည့် အစွမ်းရှိပြီး ကောင်းသော အိပ်မက်များကို ဖန်တီးနိုင်သည့် အရာတစ်ခုအဖြစ် ယူဆကြသည်။

အိပ်မက်ဖမ်းသမား ၏ ပုံစံမှာ အလယ် အဝိုင်းလေးတွင်ရှိသော ပိုက်ကွန်ပုံစံ ယက်ထားသည့် ကြိုးနှင့်ပုတီးလုံးလေးသည် ကောင်းသော အိပ်မက်များကို ဖမ်းပေးနိုင်သည့် အစွမ်းရှိသည်ဟု ဆိုသည်။ ဖမ်းထားသည့် အိပ်မက်ကောင်းလေးများကို အောက်နားရှိ ငှက်မွေးတွဲလောင်းမှတဆင့် အိပ်စက်နေသော လူထံသို့ ပို့ဆောင်ပေးသည်။

Native American တို့၏အယူအဆမှာ ညအချိန် လေထဲတွင် ကောင်းသော အိပ်မက်နှင့် မကောင်းသော အိပ်မက်များ ရောထွေးမျောလွင့်နေကြရာ ဤ Dream Catcher လေးကို မိမိ၏ အိပ်ရာအနားတွင် ချိတ်ဆွဲပေးထားပါက ကောင်းတဲ့ အိပ်မက်များကို ဖမ်းယူပြီး အိပ်မက်လှလှမက်စေသည်။ ကောင်းသော အိပ်မက်များက Dream Catcher နှင့်တွေ့သည့်အခါ ညှိတွယ်ပြီး လူကို အိပ်မက်ကောင်းများ ဖြစ်ပေါ်စေကာ မကောင်းသော အိပ်မက်များမှာ Dream Catcher နှင့်ထိမိလျှင် ပျက်ပြယ်သွားသည်ဟု ဆိုသည်။[][]

ပြုလုပ်ထားပုံ

[ပြင်ဆင်ရန်]

Dream Catcher ကို မိုးမခပင်မှ အသားကို စက်ဝိုင်းပုံစံ ရစ်ခွေပြီး အဆင်တန်ဆာများဖြစ်သည့် ပုတီးစေ့များ၊ နိုင်လွန် (သို့) ချည်သားကြိုး၊ ငှက်မွေး စသည်တို့ဖြင့် ပြုလုပ်ထားသည်။

အဝိုင်းပုံစံ ပြုလုပ်ထားခြင်းမှာ နေနှင့် လကို ကိုယ်စားပြုသည်ဟု ဆိုသည်။ ငှက်မွေးမှာ အမျိုးသမီးများအတွက် ဆိုပါက ဇီးကွက်ငှက်မွေးကို အသုံးပြုထားခြင်းက ပညာရှိခြင်းကို ဆိုလိုပြီး အမျိုးသားများ အတွက် သိန်းငှက်မွေးကို အသုံးပြုထားခြင်းက ရဲရင့်ခြင်း ကို ဆောင်သည်။

ကိုးကားချက်

[ပြင်ဆင်ရန်]
  1. Freelang Ojibwe Dictionary
  2. Prindle၊ Tara။ NativeTech: Dream Catchers။ September 23, 2007 တွင် ပြန်စစ်ပြီး။